India-Myanmar Joint Statement

၂၁။ နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ပံ့ပိုးမှုကွန်ရက်များ ပိုမို ပေါင်းစည်းဆောင်ရွက်ရန်လိုအပ်ကြောင်း နှစ်ဖက်လုံးမှ အလေးထားပြောကြားခဲ့ပါသည်။ စွမ်းအင်ရှာဖွေမှုနှင့် ထုတ်လုပ်မှုကဏ္ဍ၌ အိန္ဒိယနိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုကို မြန်မာဘက်က ကြိုဆိုခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ထွက်ကုန်များ၊ ဈေးကွက်အခြေခံအဆောက်အအုံနှင့် LPG terminal များ တည်ဆောက်ခြင်းလုပ်ငန်းများအတွက် တင်ဒါများခေါ်ယူရာ၌ အိန္ဒိယကုမ္ပဏီများအား ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ ထိပ်တန်းရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီများသည် မြန်မာနိုင်ငံ၌ ရုံးခန်းများဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း အိန္ဒိယဘက်က အသိပေးခဲ့ပါသည်။ နယ်စပ်ကုန်းလမ်းကို ဖြတ်ကျော်၍ ဒီဇယ်ဆီတင်ပို့ရန် အိန္ဒိယနိုင်ငံ၏ Numaligarh ရေနံချက်စက်ရုံနှင့် မြန်မာနိုင်ငံ ပါရမီစွမ်းအင်အုပ်စုတို့အကြား သဘောတူညီချက်အပေါ် ချီးကျူးခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်းရှိ ပြည်သူများအတွက် ပိုမိုဈေးသက်သာ၍ ယုံကြည်စိတ်ချရသည့် လောင်စာဆီတင်သွင်းနိုင်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံတွင် ရေနံထုတ်ကုန်များ လက်လီရောင်းချသည့် ဈေးကွက်နှင့် သိုလှောင်မှု၌ ပူးပေါင်းဆောင်ရွက်ရေးကို အားပေးခဲ့ကြပါသည်။ အိန္ဒိယမှ အဆင့်မြင့် ဒီဇယ် ပထမသုတ်တင်ပို့မှုသည် မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ရောက်ရှိခဲ့ပါသည်။

 

21. Both sides underlined the need for bringing about greater integration of power and energy supply networks between India and Myanmar. Myanmar welcomed India’s participation in its energy sector both in exploration and production and invited Indian companies to participate in tenders for petrochemicals and petroleum products, marketing infrastructure and setting up of LPG terminals. India informed that leading Indian oil and gas companies are in the process of opening their offices in Myanmar. The two sides applauded the agreement reached by Numaligarh Refinery of India and Parami Energy Group of Myanmar on supply of diesel to Myanmar across the land border, noting that this will give the people of north Myanmar cheaper and more reliable access to petroleum products, and also encouraged both sides to collaborate in storage and retail marketing of petroleum products in Myanmar. The first consignment of the high speed diesel reached Myanmar on 4th September 2017.

 

Sources: Ministry of External Affairs Government of India, Myanmar State Counsellor Office