မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ သမိုင်းဝင် ဒီဇယ်ဆီများတင်ပို့ခြင်း အထိမ်းအမှတ်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ သမိုင်းဝင် ဒီဇယ်ဆီများတင်ပို့ခြင်းကို အိန္ဒိယမှ မြန်မာနိုင်ငံသို့ တမူးနယ်စပ် ကုန်သွယ်ရေးဇုန်မှတဆင့်၂၀၁၇ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့တွင် တရားဝင် စတင်တင်ပို့နိုင်ခဲ့ပါသည်။

Diesel Donation

ဒီဇယ်ဆီများ ပထမဦးဆုံး တင်သွင်းခြင်း အထိမ်းအမှတ်အဖြစ် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနသို့ ဆီဂါလံ (၁၀၀၀) ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ ဆီဂါလံ (၁၀၀၀) ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆီဂါလံ (၁၀၀၀) ကိုလည်းကောင်း လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စုမှ CEO နှင့် တာဝန်ရှိသူများမှ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။