ပါရမီစွမ်းအင်ကုမ္ပဏီအုပ်စု ၏ တတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ

ပါရမီစွမ်းအင်ကုမ္ပဏီအုပ်စု CEO ဦင်္းဆောင်သည့် အဖွဲ့သူအဖွဲ့သားများသည် ဇူလိုင်လ ၅ရက်နေ့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဇီဝမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေးအထိမ်းအမှတ်အဖြစ် သစ်ပင်စိုက် ပွဲတော် ပြုလုပ်မည့် ကရင်ပြည်နယ်၏မြို့တော် ဘားအံမှတဆင့် လှိုင်းဘွဲ့မြို့နယ်သို့ တပျော်တပါး သွားရောက်ခဲ့ကြပါသည်။ ယခုနှစ် သစ်ပင်စိုက်ပျိုးမည့် နေရာသည် လှိုင်းဘွဲ့မြို့အနီးရှိ ရေဘုတ်ဆည်တွင်ရေဝေရေလဲတ၀ိုက်တွင် ဖြစ်ပါသည်။ ယင်းအခမ်းအနားသို့ ဒေသခံများ နှင့်အတူ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်း၊ ဌာနပေါင်းစုံမှတာဝန်ရှိသူများ ၊ တက္ကသိုလ် နှင့် အထက်တန်း ကျောင်းများမှဆရာဆရာမများ နှင့် ကျောင်းသူကျောင်းသားများ၊ ဆရာအတတ်သင်သိပ္ပံ နှင့် သူနာပြုသင်တန်းကျောင်းများမှဆရာမများနှင့် သင်တန်းသူများ နှင့် ရပ်မိရပ်ဖများလည်း တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က သစ်တောသစ်ပင်များ၏အရေးပါပုံ၊ သစ်တောသစ်ပင်များကို တန်ဖိုးထားတတ်စေရေး နှင့် သစ်ပင်စိုက်ပျိုးရ သည့်အကျိုးရလဒ်များ ကို ရှင်းလင်းပြောကြားကာ အခမ်းအနားကို ဖွင့်လှစ်ပေးပါသည်။ အစီအစဉ်အရ သစ်တောရေးရာဝန်ကြီးဌာန ကရင်ပြည်နယ် ညွှန်ကြားရေးမှူးက သစ်တောသစ်ပင်များကို မည်သို့မည်ပုံ ထိန်းသိမ်းသင့်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် အခမ်းအနားတက်ရောက်လာသူအားလုံးအတွက် သတ်မှတ် ပေးထားသည့် သစ်ပင်စိုက်ပျိုးရန် နေရာများတွင် စတင်စိုက်ပျိုးကြပါသည်။ ကရင်ပြည်နယ်စိမ်းလန်း စိုပြေရေးအတွက်ဒေသခံများနှင့်အတူ ပူးပေါင်းပါဝင်ကာ ဆောင်ရွက်နေသည် ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုအတွက်လည်း သစ်ပင်ငယ်ကလေးများကို ကိုယ်တိုင်ကိုယ်ကျစိတ်ပျိုးရန် စီစဉ်ပေးထားသည့် အတွက် ၀နထမ်းများအနေနှင့်ကိုယ်တိုင်ကိုယ်ကျ သစ်ပင်စိုက်ပျိုးရသည့်ပီတိကို ကောင်းစွာရှိစေခဲ့ပါသည်။

Tree Planting at Hpa-An
ယခုနှစ်တတိယအကြိမ်မြောက်သစ်ပင်စိုက်ပျိုးပွဲတွင် ပါဝင်လာသော ပါရမီဝန်ထမ်းသစ်အများစုမှာ ယခုကဲ့သို့ စုပေါင်း စိုက်ပျိုးရသည့်အတွေ့အကြုံလည်းမရှိခဲ့ဖူးရာ အရိပ်ရသစ်ပင်တစ်ပင်ကို မိမိကိုယ်တိုင်ပါဝင်ပြီးအခြားသော သူများနှင့် အတူပျော်ပျော်ပါးပါး စိုက်ပျိုးရသည့်အတွက်ကြောင့် အလွန်အားရ ကျေနပ်စရာဖြစ်ခဲ့ပါသည်။ မိမိတို့နှင့်အတူ တစ်ဦးလျှင်တစ်ပင်ကျ စိုက်ပျိုးလိုက်သည့်သစ်ပင်များသည် နောင်နှစ်အတော်ကြာချိန်တွင် တောအုပ်ကြီးတစ်အုပ်ဖြစ်နေနိုင်ကာ သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့အတွက် အကျိုးရှိသည်ကို ကြိုတင်မျှော်တွေးကာ ၀မ်းသာပီတီလည်း ဖြစ်ကြရပါသည်။
Tree Planting at Hpa-An
ဝန်ထမ်းများသစ်ပင်စိုက်ပွဲတော်သို့လိုက်ပါပြီး စိုက်ပျိုးနိုင်အောင် စီစဉ်ပေးခဲ့ကြသော ပါရမီ၏CSR အစီအစဉ်ကြောင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နိုင်ခဲ့ပြီဟူသောအသိကို ကောင်းစွာရရှိစေနိုင်ခဲ့သည့်အပြင်  သစ်ပင်စိုက်ပျိုးနေစဉ်က ရရှိခံစားခဲ့ရသည့် စိတ်ချမ်းသာပျော်ရွှင်မှုသည် စိုက်ပျိုးနေသည့် အချိန်တွင်သာမက ယခုပြန်တွေးလျှင်ပင် အတိုင်းမသိရရှိနေဆဲဖြစ်ပါသည်။ ထိုကဲ့သို့သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးကို ကိုယ်တိုင်ပါဝင် ရုံသာမက ဒေသခံများကိုပါ သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ အသိပညာ နှင့် ဗဟုသုတများလည်း ဖြန့်ဝေပေးနိုင်ခဲ့သည့်အတွက် ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စု ၏ ၂၀၁၄ CSR အစီအစဉ် ၏ အောင်မြင်မှုတစ်ရပ်အဖြစ် မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။